“အမေရိကန်က ဆက်လက်တိုက်ခိုက်လျှင် အိန္ဒိယသမုဒ္ဒရာအထိစစ်ကိုချဲ့ထွင်နိုင်ကြောင်း အီရန်သတိပေး”
25 Sep
အမေရိကန်က အီရန်ကို ထပ်မံတိုက်ခိုက်လာပါက အရှေ့အလယ်ပိုင်းစစ်ပွဲကို အိန္ဒိယသမုဒ္ဒရာအထိ ချဲ့ထွင် နိုင်ကြောင်း အီရန်ဦးသျှောင်၏အကြံပေး ယာယာရာဟင်ဆာဖာဗီ က စက်တင်ဘာလ ၂၄ ရက်တွင် သတိပေး လိုက်သည်။ ပါရှန်းပင်လယ်ကွေ့နှင့် ဟော်မုရေလက်ကြားမှတစ်ဆင့် ပင်လယ်နီအထိ ပျံ့နှံ့လာသည့်စစ်ပွဲသည် နောက်ထပ်တိုက်ခိုက်မှုများ ဖြစ်ပွားပါက အိန္ဒိယသမုဒ္ဒရာနှင့် ထိုထက်ပိုမိုဝေးကွာသည့် ဒေသများအထိ ရောက်ရှိ လာနိုင်ကြောင်း ယာယာရာဟင်ဆာဖာဗီ ၏ပြောဆိုချက်ကို Fars သတင်းဌာနကဖော်ပြထားသည်။ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ ပြန်လည်စတင်လာပါက ပဋိပက္ခနယ်ပယ်ကို တိုးချဲ့တုံ့ပြန် မည်ဟု အီရန်က ယခင်ကလည်း သတိပေးထားကြောင်း သိရသည်။
25 Sep