“တရုတ်နိုင်ငံတွင် အဆင့်မြင့်ပညာရေးရရှိထားသူဦးရေ သန်း ၂၇၀ အထိရှိလာ”

24 Sep

တရုတ်နိုင်ငံတွင် အဆင့်မြင့်ပညာရေးရရှိထားသူဦးရေ သန်း ၂၇၀ ရှိလာကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝမ်ကွမ်းယန် က စက်တင်ဘာလ ၂၃ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ဝမ် က ပညာရေးစနစ်၏ အစောပိုင်း အခြေခံအဆင့်များနှင့်ပတ်သက်သည့် ကိန်းဂဏန်းများကိုလည်း ကိုးကား ပြောဆိုခဲ့ရာ မူကြိုကျောင်းအပ်နှံမှုနှုန်းစုစုပေါင်း ၉၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး မဖြစ်မနေသင်ယူရမည့် ပညာရေးဆုံးခန်း တိုင်ပြီးမြောက်မှုနှုန်းမှာ ၉၆ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထို့အပြင် အထက်တန်းအဆင့်ပညာရေး တက်ရောက်မှုနှုန်းမှာလည်း ၉၂ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ Double First-Class Initiative အစီအစဉ်အောက်ရှိ တက္ကသိုလ်များသည် ၂၀၂၇ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း ဘွဲ့ကြိုကျောင်းသားများအတွက် ဝင်ခွင့်နေရာ ၇၆,၀၀၀ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဖွံဖြိုးတိုးတက်ရေးစီမံကိန်းဦးစီးဌာနအကြီးအကဲ ကောဖုန် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ အဆိုပါအစီအစဉ်သည် ကမ္ဘာ့အဆင့်မီအဆင့်အတန်းသို့ ရောက်ရှိစေရန်ရည်ရွယ်၍ ရွေးချယ်ထားသော တက္ကသိုလ်များနှင့် ပညာရပ်ဆိုင်ရာ ဘာသာရပ်များကို ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။ (Repost from Xinhua Myanmar)

24 Sep

ADVERTISE HERE .