“၂၀၂၅ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၌ ကင်ဆာ၊ နှလုံးနှင့် အဆုတ်အအေးမိရောဂါကြောင့် အဓိကသေဆုံး လျက်ရှိ”

24 Sep

တောင်ကိုရီးယားနိုင်ငံ၏ စာရင်းအင်းဝန်ကြီးဌာနက စက်တင်ဘာလ ၂၂ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်း များအရ ၂၀၂၅ ခုနှစ်တွင် နိုင်ငံအတွင်း လူသေဆုံးမှုအားလုံး၏ ၄၂ ဒသမ ၇ ရာခိုင်နှုန်းမှာ ကင်ဆာ၊ နှလုံးနှင့် အဆုတ်ရောင်ရောဂါတို့ကြောင့်ဖြစ်ပြီး ထိုရောဂါသုံးခုသည် အဓိကသေဆုံးရသည့်အကြောင်းရင်းများအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ အချက်အလက်နှင့် စာရင်းအင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကင်ဆာရောဂါသည် အခြားရောဂါများနှင့် နှိင်းယှဉ်ပါက အများဆုံးသေဆုံးရသည့် အဓိကအကြောင်းရင်းအဖြစ် ဆက်လက်တည်ရှိနေပြီး ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၁၀၀,၀၀၀ လျှင် သေဆုံးမှုနှုန်း ၁၇၇ ဒသမ ၁ ဦးရှိခဲ့ကာ ယခင်နှစ်နှင့်နှိင်းယှဉ်ပါက ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ အဆုတ်ကင်ဆာကြောင့် သေဆုံးမှုနှုန်းမှာ လူ ၁၀၀,၀၀၀ လျှင် ၃၈ ဒသမ ၉ ဦးရှိကာ သေဆုံးမှုအများဆုံးဖြစ်ပြီး အသည်းကင်ဆာကြောင့် ၂၀ ဒသမ ၄ ဦး၊ အူမကြီးကင်ဆာကြောင့် ၁၉ ဒသမ ၁ ဦး၊ မုန့်ချိုအိတ်ကင်ဆာကြောင့် ၁၇ ဦးနှင့် အစာအိမ်ကင်ဆာကြောင့် ၁၃ ဒသမ ၇ ဦး ရှိခဲ့သည်။ လွန်ခဲ့သည့်နှစ်တွင် နှလုံးရောဂါနှင့် အဆုတ်ရောင်ရောဂါတိုကြောင့် သေဆုံးမှုနှုန်းမှာ လူ ၁၀၀,၀၀၀ လျှင် ၆၆ ဒသမ ၃ ဦးနှင့် ၆၀ ဒသမ ၈ ဦး ရှိခဲ့ပြီး ဦးနှောက်သွေးကြောဆိုင်ရာရောဂါကြောင့် ၄၈ ဒသမ ၇ ဦး၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုကြောင့် ၂၇ ဒသမ ၈ ဦး၊ အယ်လ်ဇိုင်းမားရောဂါကြောင့် ၂၆ ဒသမ ၈ ဦး၊ ဆီးချိုရောဂါကြောင့် ၂၂ ဒသမ ၄ ဦး၊ သွေးဆိပ်တက်ခြင်းကြောင့် ၁၇ ဒသမ ၂ ဦး၊ သွေးတိုးရောဂါကြောင့် ၁၇ ဦး နှင့် အသည်းရောဂါကြောင့် ၁၄ ဒသမ ၉ ဦး ရှိခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်းသေဆုံးသူဦးရေ ၃၆၂,၉၆၈ ဦး ရှိခဲ့ရာ ယခင်နှစ်ကထက် ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့သည့် ၂၀၂၂ ခုနှစ် ပြီးလျှင် ၂၀၂၅ ခုနှစ်သည် သေဆုံးမှု ဒုတိယအများဆုံးနှစ်ဖြစ်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၁၀၀,၀၀၀ လျှင် သေဆုံးမှုနှုန်း ၇၁၂ ဒသမ ၆ ဦး ရှိခဲ့သောကြောင့် ယခင်နှစ်ထက် ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ သက်ကြီးလူဦးရေတိုးပွားမှု လျင်မြန်လာခြင်းကို ဖော်ပြနေရာတွင်လည်း ယမန်နှစ်က အသက် ၈၀ နှစ်နှင့် အထက်သေဆုံးမှုသည် စုစုပေါင်းသေဆုံးမှု၏ ၅၄ ဒသမ ၇ ရာခိုင်နှုန်းအထိရှိခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်နှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

24 Sep

ADVERTISE HERE .