“အာတေတာ ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်အသင်း”

24 Sep

အာဆင်နယ်အသင်းဟာ နည်းပြ အာတေတာ ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ စပိန်လူမျိုး နည်းပြ အာတေတာ ရဲ့ လက်ရှိစာချုပ်က ဒီရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အာဆင်နယ် အသင်းက နောက်ထပ် ၄ နှစ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အာတေတာ ဟာ အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တာကြောင့် သက်တမ်း ၆ နှစ် ကျော်ရှိနေပြီး လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ သက်တမ်းအရှည်ဆုံးနည်းပြအဖြစ် ရပ်တည်နေပါတယ်။ အာဆင်နယ်အသင်းက အာတေတာ ရဲ့ နည်းပြအဖွဲ့တစ်ခုလုံးကိုလည်း သက်တမ်းတိုးသွားမှာဖြစ်ပြီး လစာလည်း တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ (NVS 008)

24 Sep

ADVERTISE HERE .