“ဘရိုက်တန်နည်းပြ ဟာ့ဇ်လာ ကို စိတ်ဝင်စားနေတဲ့ မန်ယူဘုတ်အဖွဲ့”
24 Sep
မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဘရိုက်တန်နည်းပြ ဟာ့ဇ်လာ ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မန်ယူအသင်းရဲ့ လက်ရှိနည်းပြ ကာရစ် က ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းမရှိတာကြောင့် ကာရစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါက အစားထိုးခန့်အပ်ဖို့အတွက် ဟာ့ဇ်လာ ကို စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်သာရှိသေးတဲ့ ဂျာမန်နည်းပြ ဟာ့ဇ်လာ က ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပြီး ဘရိုက်တန်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ ဟာ့ဇ်လာ က ဘရိုက်တန်အသင်းကို ပထမဆုံးကိုင်တွယ်တဲ့ ၂၀၂၄-၂၅ ရာသီနဲ့ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ အဆင့်(၈) နေရာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီပွဲစဉ်(၅)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ အမှတ်ပေးဇယားတတိယနေရာ ရောက်ရှိနေပါတယ်။ လိဂ်ဖလားတတိယအဆင့်မှာ မန်ယူအသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာ လက်ရှိ ချန်ပီယံ အာဆင်နယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တာကြောင့် ချီးကျူးမှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ (NVS 008)