“မက္ကဆီကိုနည်းပြ အဂွီရီးကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်တဲ့ ဗလင်စီယာအသင်း”
24 Sep
ဗလင်စီယာအသင်းက မက္ကဆီကိုနည်းပြ အဂွီရီးကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ဗလင်စီယာအသင်းဟာ ရာသီအစ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် နည်းပြ ကော်ဘီရန် ကို ရာထူးက ထုတ်ပယ်ပြီး အဂွီရီး ကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဗလင်စီယာအသင်းက အဂွီရီးကို နည်းပြသစ်အဖြစ် ရာသီကုန်အထိသာ ခန့်အပ်ခဲ့ခြင်းဖြစ်ပေမယ့် လာမယ့်ရာသီမှာ ဆက်ပြီးလက်တွဲနိုင်မယ့် သဘောတူညီချက် ပါဝင်ကြောင်း သိရပါတယ်။ ဗလင်စီယာအသင်းက လက်ရှိရာသီမှာ လာလီဂါပြိုင်ပွဲ ၇ ပွဲမှာ ၁ ပွဲအနိုင်ရရှိခဲ့ပြီး ၆ ပွဲရှုံးနိမ့်ကာ အဆင့် (၁၉)မှာ ရောက်ရှိနေပါတယ်။ (NVS 008)
24 Sep