“ပေါ်တူဂီအသင်းကို အကူအညီမပေးနိုင်တော့ဘူးလို့ ခံစားရချိန်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူ မယ်လို့ဆိုတဲ့ စီရော်နယ်လ်ဒို”
24 Sep
ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒို က ပေါ်တူဂီအသင်းကို အကူအညီမပေးနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်ရောက်ရင် လက်ရွေးစင်ကစားသမားဘဝက အနားယူမယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒို က ပေါ်တူဂီအသင်းအတွက် ၂၃၃ ပွဲကစားကာ ၁၄၆ ဂိုး သွင်းယူထားသူဖြစ်ပြီး ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ စီရော်နယ်လ်ဒို က လက်ရှိအချိန်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၉၇၉ ဂိုး သွင်းယူထားပြီး ဂိုး ၁,၀၀၀ ပြည့်သွင်းယူနိုင်ဖို့ ရည်မှန်းထားတာကြောင့် လက်ရွေးစင်ကစားသမားဘဝက အနားမယူသေးခြင်းဖြစ်ကြောင်း ဝေဖန်မှုတွေရှိနေ ပေမယ့် ပေါ်တူဂီအသင်းကို ကူညီပေးဖို့ ဆက်ရှိနေခြင်းဖြစ်ကြောင်း စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီပရိသတ်အများစုကတော့ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားဖို့ မသင့်တော်တော့ဘဲ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားသင့်တယ်လို့ ယူဆနေကြကြောင်း သိရပါတယ်။ (NVS 008)