“ပူတာအိုဒေသမှာ ဒေသနှင့်ကိုက်ညီတဲ့ ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်မည်”

24 Sep

ပူတာအိုဒေသမှာ ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို တွေ့ဆုံအမှာ စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပူတာအိုဒေသမှာ လူဦးရေအချိုးအစားအရ ဒေသနဲ့ကိုက်ညီတဲ့ ဒီဂရီကောလိပ်တစ်ခု ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဒီဂရီကောလိပ် မှာ ဥပဒေနှင့်စီးပွားရေး ဘာသာရပ်များအပါအဝင် သင့်လျော်တဲ့ ဘာသာရပ်များနဲ့ စတင်ဖွင့်လှစ်သင်ကြားပေးပါက ဒေသအတွက် များစွာအကျိုးရှိမည်ဖြစ်၍ ပူတာအိုဒေသ၌ ဒီဂရီကောလိပ်တစ်ခုဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးက အဓိကအရေးကြီး၍ အစိုးရအနေနဲ့ တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်နေရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း အလေးထား အားပေးဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါတယ်။ (NVS 008)

24 Sep

ADVERTISE HERE .