“ နေပြည်တော်မှာ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်”
24 Sep
(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို လာမည့် အောက်တိုဘာလ ၈ ရက်မှ ၁၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ၁၀ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီထံမှ သိရပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ကျင်းပမည့် အဆိုပါပြပွဲမှာ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။ ပြပွဲသို့ ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရရှိထားသည့် နိုင်ငံသား ကျောက်မျက် ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 008)
24 Sep