“UMFCCI က အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးဆိုင်ရာ Online သင်တန်း ၈ မျိုး ဖွင့်လှစ်မည်”
24 Sep
အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်းခွင်များမှာ လက်တွေ့အသုံးချနိုင်မည့် ပညာရပ်များကို လေ့လာ လိုသူများအတွက် UMFCCI Learning and Development Center က Online သင်တန်း ၈ မျိုးကို စက်တင်ဘာလ ၂၆ ရက်မှစတင်၍ Zoom မှတစ်ဆင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါတယ်။ သင်တန်းကာလမှာ ၂ လဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့များမှာ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကြေးကို တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ သတ်မှတ်ထားပါတယ်။ Zoom နဲ့ သင်ကြားမှာဖြစ်လို့ ရန်ကုန်အပါအဝင် နယ်ဒေသ အသီးသီးမှ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ People Management & Practical HR for Business Growth (Batch 1)၊ Office Administration and Management (Batch 35)၊ Financial Management (Batch 35) နှင့် Industrial Management (Batch 2) သင်တန်းများကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ မွန်းလွဲ ၁ နာရီမှ ၃ နာရီခွဲအထိ Logistics and Supply Chain Management (Batch 36)၊ AI Empowered Digital Marketing (Batch 32)၊ International Trade (Batch 39) နှင့် Business Consulting Service Provider (Batch 20) သင်တန်းများ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ သင်တန်းများမှာ လုပ်ငန်းခွင်အတွေ့အကြုံများ လေ့လာနိုင်ရန် Company/Site Visit အစီအစဉ်များနှင့် အတွေ့အကြုံရှိ Guest Speaker များ၏ Knowledge Sharing အစီအစဉ်များလည်း ထည့်သွင်းထားပြီး သင်တန်း ပြီးမြောက်သူများကို Completion Certificate ပေးအပ်မည်ဖြစ်ပါတယ်။ UMFCCI အသင်းဝင်ကုမ္ပဏီများနှင့် ညီနောင် အသင်းများအနေဖြင့် သင်တန်းသား ၅ ဦး အပ်နှံပါက တစ်ဦးအခမဲ့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။ သင်တန်းလျှောက်ထားလိုသူများအနေနဲ့ UMFCCI Learning and Development Center၊ အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်လျှောက်ထားနိုင်ပြီး ဖုန်း 01-2302485၊ 2314344-49 (လိုင်းခွဲ 134) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 008)