“ဂျိတ်ပေါလ် က အန်သိုနီဂျိုရှုအာ ကို မကျေပွဲပြန်လည်ထိုးသတ်ရန်စိန်ခေါ်”
23 Sep
အမေရိကန်လက်ဝှေ့သမား ဂျိတ်ပေါလ် က အင်္ဂလန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာ ကို မကျေပွဲ ပြန်လည် ထိုးသတ်ရန် စိန်ခေါ်မှုများလုပ်ဆောင်ထားပြီး ဆွေးနွေးမှုများလုပ်ဆောင်နေတယ်လို့ ပွဲစီစဉ်သူ နာကီဆာ ဘိုင်ဒါယန် က အတည်ပြုခဲ့ကြောင်း Source Boxing သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဂျိတ်ပေါလ် နှင့် အန်တိုနီဂျိုရှုအာ တို့က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှာ အမေရိကန်နိုင်ငံ အင်တာမီယာမီ မြို့၌ ထိုးသတ်ခဲ့ရာ ခြောက်ချီမြောက်တွင် ဂျိတ်ပေါလ် က မေးရိုးကျိုးခဲ့တဲ့အတွက် အန်သိုနီဂျိုရှုအာ က အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ ဂျိတ်ပေါလ် က အဆိုပါပွဲစဉ်မှာရရှိခဲ့တဲ့ မေးရိုးကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဒုတိယအကြိမ်အဖြစ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း ခွဲစိတ်ကုသမှု ထပ်မံလုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိတွင် ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့လို့ ဒုတိယအကြိမ်မကျေပွဲ ပြန်လည်ထိုးသတ်ရန် စိန်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့ပြင် အန်သိုနီဂျိုရှုအာ က တစ်နိုင်ငံတည်းသား တိုင်ဆန်ဖြူရီ နှင့်ထိုးသတ်ရန် သဘောတူညီမှုရရှိ ထားသော်လည်း ဂျိတ်ပေါလ် က ဒုတိယအကြိမ် ပြန်လည်ထိုးသတ်လိုတဲ့အတွက် ဆွေးနွေးမှုများလုပ်ဆောင်နေကာ ပွဲစီစဉ်သူ နာကီဆာ ဘိုင်ဒါယန် က ယခုနှစ်မကုန်မီ ထိုးသတ်ရန် ဦးစားပေးဆွေးနွေးနေပြီး အဆင်မပြေပါက လာမည့် ၂၀၂၇ ခုနှစ် နှစ်ဦးပိုင်းတွင်ထိုးသတ်နိုင်ရန် ဆွေးနွေးနေကြောင်း သိရပါတယ်။(NVS 008)