“UFC အဆင့်သတ်မှတ်ချက်တွင် အဆင့်(၁၀) မှ အဆင့်(၄)နေရာသို့ မြန်မာဖိုက်တာ ဂျိုရှုအာဗန် ရောက်ရှိလာ”

23 Sep

UFC အဖွဲ့ချုပ်၏ နောက်ဆုံးအဆင့်သတ်မှတ်ချက်တွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန် က အဆင့်ခြောက်ဆင့်ထိ မြင့်တက်လာခဲ့ကာ အဆင့်(၁၀)မှ အဆင့်(၄)နေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ UFC အဖွဲ့ချုပ်က စက်တင်ဘာလ ၁၉ ရက်မှာ ကျင်းပခဲ့တဲ့ UFC 331 ပြိုင်ပွဲအပြီးတွင် အဆင့် သတ်မှတ်ချက် များကို ထုတ်ပြန်ခဲ့ရာ ဂျိုရှုအာဗန် က အဆင့်(၄)နေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ ဂျိုရှုအာဗန် ဟာ UFC331 ပြိုင်ပွဲတွင် ဘရာဇီးဖိုက်တာ ပန်တိုဂျာ ကိုအနိုင်ရကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပြီးနောက် UFC အဆင့်သတ်မှတ်ချက်များ မြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိ UFC အဆင့်သတ်မှတ်ချက်တွင် ရုရှားဖိုက်တာ မာခါချက်ဗ် က အဆင့်(၁)နေရာတွင် ရပ်တည်နေပြီး ၎င်း၏နောက်၌ ရုရှားဖိုက်တာ ပီတာယန် က အဆင့်(၂)၊ ဩစတြေးလျဖိုက်တာ ဗိုကာနော့စကီး က အဆင့်(၃)၊ ဂျိုရှုအာဗန်က အဆင့်(၄)၊ အမေရိကန်ဖိုက်တာ ဂျက်စတင်ဂေဂျီ က အဆင့်(၅)၊ ဂျော်ဂျီယာဖိုက်တာ မီရတ်ဘ် က အဆင့်(၆)၊ ဂျော်ဂျီယာဖိုက်တာ တိုပူရီးယား က အဆင့်(၇)၊ အမေရိကန်ဖိုက်တာ စထရစ်လန်း က အဆင့်(၈)၊ အင်္ဂလန်ဖိုက်တာ အက်စ်ပီနော က အဆင့်(၉)၊ အာမေးနီးယားဖိုက်တာ ဆာရူကန် က အဆင့်(၁၀)နေရာတို့တွင် အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။(NVS 008)

23 Sep

ADVERTISE HERE .