“ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲကစားမည့် အင်္ဂလန်အသင်း ကစားသမားစာရင်းမှ ကိုးလ်ပယ်မာ နုတ်ထွက်”
23 Sep
ချယ်လ်ဆီးအသင်းကစားသမား ကိုးလ်ပယ်မာ အနေနဲ့ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲကစားမည့် အင်္ဂလန်အသင်း ကစားသမားစာရင်းတွင် ရွေးချယ်ခံထားရသော်လည်း ကြွက်သားဒဏ်ရာကြောင့် အသင်းကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ကြောင်းသိရပါတယ်။ ကိုးလ်ပယ်မာ က ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အင်္ဂလန်အသင်းတွင် ရွေးချယ်ခံရခြင်းမရှိဘဲ ယခုဥရောပ နေးရှင်းလိဂ်ပြိုင်ပွဲကစားမည့် အင်္ဂလန်အသင်းကစားသမားစာရင်းတွင် နည်းပြ တူချယ် က ပြန်လည်ရွေးချယ်ခဲ့ သော်လည်း ကိုးလ်ပယ်မာ က ဒဏ်ရာရရှိခဲ့မှုကြောင့် အသင်းကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ ကိုးလ်ပယ်မာ ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၅)အဖြစ် ချယ်လ်ဆီးအသင်းနှင့် ဘရန့်ဖို့ဒ်အသင်း ပွဲစဉ်တွင် ပါဝင် ကစားခဲ့သော်လည်း ချယ်လ်ဆီးအသင်းက ကိုးလ်ပယ်မာ အနေဖြင့် ကြံ့ခိုင်မှုပိုင်းတွင် လိုအပ်ချက်များရှိနေကြောင်း သတင်းထုတ်ပြန်ပြီးနောက် အင်္ဂလန်အသင်းကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)