“ပွဲဦးထွက်ပရီးမီးယားလိဂ်ပြိုင်ပွဲ ငါးပွဲဆက်အနိုင်ရရှိခဲ့သည့် ခြောက်ဦးမြောက်နည်းပြအဖြစ် မန်စီးတီးအသင်း နည်းပြ မာရက်စ်ကာ ရပ်တည်”

23 Sep

နည်းပြ မာရက်စ်ကာ ဟာ မန်စီးတီးအသင်းနှင့်အတူ ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ငါးပွဲဆက် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ပွဲဦးထွက်ရာသီအစ ငါးပွဲဆက်နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် ခြောက် ဦးမြောက်နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ နည်းပြ မာရက်စ်ကာ အနေနဲ့ ယခုဘောလုံးရာသီမှာ မန်စီးတီးအသင်းကို စတင်တာဝန်ယူခဲ့ပြီး အသင်းနှင့် အတူ ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ကာ ပရီးမီးယားလိဂ် ငါးပွဲဆက်နိုင်ပွဲရရှိအောင် စွမ်းဆောင် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ မာရက်စ်ကာ မတိုင်မီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲဦးထွက်ငါးပွဲနှင့်အထက် နိုင်ပွဲရယူနိုင်ခဲ့သည့် နည်းပြများအဖြစ် ၂၀၀၉ ခုနှစ်က ချယ်လ်ဆီးအသင်းနည်းပြဟောင်း အန်ဆယ်လော့တီ၊ ၂၀၁၆ ခုနှစ်က မန်စီးတီး အသင်း နည်းပြဟောင်း ဂွါဒီယိုလာ၊ ၂၀၁၇ ခုနှစ်က လက်စတာအသင်းနည်းပြဟောင်း ရှာတ်စပဲယား၊ ၂၀၁၈ ခုနှစ်က ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဆာရီ၊ ၂၀၁၈ ခုနှစ်က မန်ယူအသင်းနည်းပြဟောင်း ဆိုးရှားလ် တို့က ရပ်တည်ခဲ့ ပြီးနောက်ပိုင်း နည်းပြ မာရက်စ်ကာ က ခြောက်ဦးမြောက်နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

23 Sep

ADVERTISE HERE .