“ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲ ရွှေသာလျောင်းတောင်မြတ်စွာဘုရား သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကျင်းပသွားမည်”

23 Sep

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေသာလျောင်းတောင်မြတ်စွာ ဘုရား သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ရွှေသာလျောင်းတောင်မြတ်စွာဘုရား သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ ဦးစီးကော်မတီထံမှ သိရပါတယ်။ ရွှေသာလျောင်းတောင်မြတ်စွာဘုရား သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကို သီတင်းကျွတ် လဆန်း ၁၄ ရက် (အောက်တိုဘာလ ၁၆ ရက်)တွင် ရွှေသာလျောင်းတောင်ခြေရှိ ဝတ္ထုကံမြေတွင် ပြုလုပ်မည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ရွှေသာလျောင်းတောင် ရင်ပြင်တော်၌ ဆွမ်းတော်ကြီးကပ်လှူပွဲများနှင့် ဆင်လှူပွဲတော် ကို ကျင်းပသွားမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း စည်ကားစွာကျင်းပလျက်ရှိသည့် ပွဲတော်တစ်ခုဖြစ်ပြီး ကျောက်ဆည်ဆင်အကပြိုင်ပွဲကြောင့် နာမည်ကျော်သည့် ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ ယခင်နှစ်များနည်းတူ ရိုးရာဆင်ပြိုင်ပွဲ၊ ဘော်ကြယ်ဆင်ပြိုင်ပွဲနဲ့ ကလေးဆင်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

23 Sep

ADVERTISE HERE .