“လက်ရှိဘဏ္ဍာနှစ် ငါးလတာအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန် ကိုးသောင်းကျော်တင်ပို့ထား”

23 Sep

လက်ရှိဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်တွင်းမှနေ၍ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက် ရှိရာ ငါးမက်ထရစ်တန်ကိုးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ငါးလတာအတွင်း ငါးမက်ထရစ်တန် ၉၁,၁၀၀ ဒသမ ၄၇၅ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၅၁၄ သန်း ရရှိခဲ့ပါတယ်။ ဧပြီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက် အတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၅၆,၃၁၈ ဒသမ ၆၉၇ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၂၇၁ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ် တန် ၃၄,၇၈၁ ဒသမ ၇၇၈ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၂၄၃ သန်းရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့်ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်မှုမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိပါတယ်။(NVS 008)

23 Sep

ADVERTISE HERE .