“အမေရိကန်က ပိတ်ဆို့မှုရုပ်သိမ်းလျှင် အီရန်က ဟော်မုရေလက်ကြားကို ပြန်ဖွင့်ရန်အသင့်ရှိ”

23 Sep

အမေရိကန်က စစ်ရေးဖိအားလျှော့ချပြီး အီရန်၏ဆိပ်ကမ်းများအပေါ် ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပါက ဟော်မု ရေလက်ကြားကို ခုနစ်ရက်အတွင်း ပြန်ဖွင့်နိုင်ကြောင်း အီရန်အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာလ ၂၂ ရက် တွင်ပြောသည်။ ထို့ပြင် အမေရိကန်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာကို သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း တရားဝင်ထုတ်ဖော်ပြသပြီး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည့် အချိန်ဇယားတစ်ရပ်ကို သဘောတူရန်လိုကြောင်း အဆိုပါအရာရှိကပြောသည်။ အီရန်၏အဆိုပြုချက်ကို စေ့စပ်ညှိနှိုင်းပေးသူများမှတစ်ဆင့် အမေရိကန်ထံသို့ ပေးပို့ထားပြီး နှစ်နိုင်ငံကြား တိုက်ခိုက်မှုများရပ်တန့်ရေးဆိုင်ရာ သဘောတူညီချက်အသေးစိတ်ကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဆွေးနွေးနိုင် ကြောင်း သိရသည်။

23 Sep

ADVERTISE HERE .