“တရုတ်နိုင်ငံက ဉာဏ်ရည်တုသုံး အဆင့်မြင့် ဥမင်လိုဏ်ခေါင်းတည်ဆောက်ရေး နည်းပညာသစ် မိတ်ဆက်ပြသ”

22 Sep

တရုတ်နိုင်ငံသည် တူးဖော်ဖောက်လုပ်ခြင်းနည်းလမ်းကို အသုံးပြုပြီး တည်ဆောက်သည့် ဥမင်လိုဏ်ခေါင်းများ အတွက် ဉာဏ်ရည်တုနည်းပညာသုံး အဆင့်မြင့်ဥမင်လိုဏ်ခေါင်း တည်ဆောက်ရေးနည်းပညာသစ်ကို မိတ်ဆက်ပြသ လိုက်ပြီး ယင်းက နိုင်ငံ၏ ဥမင်လိုဏ်ခေါင်းတည်ဆောက်ရေး လုပ်ငန်းစဉ်ကို ဉာဏ်ရည်ထည့်သွင်းထားသည့် တည်ဆောက်မှုခေတ်သစ်ဆီသို့ ရောက်ရှိစေမည်ဖြစ်ကြောင်း China Railway Group Limited ၏ ပြောကြားမှုအရ သိရသည်။ အဆိုပါ နည်းပညာဖြေရှင်းမှုသစ်မှာ ဥမင်လိုဏ်ခေါင်းနှင့် မြေအောက်စီမံကိန်းများအတွက် ဉာဏ်ရည် ထည့်သွင်းထားသည့် တည်ဆောက်မှုပုံစံများကို အဓိကအာရုံစိုက်ထားသလို လုပ်ငန်းခွင်အတွင်းရှိ အာရုံခံကိရိယာများ၊ နောက်ဆုံးပေါ် ကွန်ပျူတာတွက်ချက်မှုနှင့် cloud အခြေပြုသည့် ဆုံးဖြတ်ချက်ချမှတ်မှုများကို ပေါင်းစပ်ဖန်တီး ထားသည့် ဉာဏ်ရည်တုသုံး အဆင့်မြင့်ဆောက်လုပ်ရေးနည်းပညာဖြစ်ကြောင်း အဆိုပါနည်းပညာသစ်ကို အဓိက ဖော်ဆောင်နေသည့် China Railway Tunnel Group က ပြောကြားခဲ့သည်။ ယင်းနည်းပညာ ဖြေရှင်းမှုသစ်သည် တည်ဆောက်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို AI စနစ်များဖြင့် ပေါင်းစပ် လုပ်ဆောင်စေနိုင်မည်ဖြစ်သလို စီမံကိန်းလုပ်ငန်း လည်ပတ်မှုများကိုလည်း ဟန်ချက်ညီစွာချိတ်ဆက်၍ စီမံခန့်ခွဲ ပေးနိုင်မည်ဖြစ်ကာ လုပ်ငန်းဆိုင်ရာ စနစ်အမျိုးမျိုးတွင်လည်း ဆုံးဖြတ်ချက်များ လျင်မြန်စွာချမှတ်ပေးနိုင်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ဉာဏ်ရည်တုသုံး အဆင့်မြင့်ဆောက်လုပ်ရေးနည်းပညာသစ်ကို ချန်ရှား-ကန့်ကျိုး မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်အပါအဝင် စီမံကိန်းများတွင် အသုံးပြုလျက်ရှိကာ ဥမင် လိုဏ်ခေါင်းနှင့် မြေအောက်အင်ဂျင်နီယာလုပ်ငန်းများတွင် စမတ်ကျသည့် တည်ဆောက်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှု အတွက် အခြားနေရာများတွင်ပါ အသုံးပြုနိုင်မည့် စံနမူနာတစ်ခုအဖြစ် ပံ့ပိုးပေးနေကြောင်း သိရသည်။ ဉာဏ်ရည်တု(AI)နည်းပညာများ လျင်မြန်စွာတိုးတက်လာသည်နှင့်အမျှ ဥမင်လိုဏ်ခေါင်းဆိုင်ရာ အင်ဂျင်နီယာ လုပ်ငန်းနယ်ပယ်ကလည်း ဒစ်ဂျစ်တယ်နှင့် စမတ်ကျသည့်စနစ်များအဖြစ် ပြောင်းလဲတိုးတက်လျက်ရှိကြောင်း China Railway Tunnel Group က ပြောကြားခဲ့သည်။ ကုမ္ပဏီအနေဖြင့်လည်း ဥမင်လိုဏ်ခေါင်းနှင့် မြေအောက်အင်ဂျင်နီယာလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နှင့် စမတ် ကျသည့်စနစ်များ၏ ပြောင်းလဲတိုးတက်မှုကို ဆက်လက်အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း China Railway Tunnel Group က ထပ်လောင်း ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

22 Sep

ADVERTISE HERE .