“ဘာစီလိုနာအသင်း နောက်ခံကစားသမား ခရစ္စတန်ဆန် ဒဏ်ရာကြောင့် ရက်သတ္တပတ်ကြာ နားရမည်”
22 Sep
ယခုတစ်ပတ် လာလီဂါပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို အနိုင်ရရှိ ခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူ ခရစ္စတန်ဆန် ပေါင်ဒဏ်ရာရခဲ့ကြောင်း ဘာစီလိုနာနည်းပြ ဖလစ်ခ်က အတည်ပြုခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမှာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၆၀ လောက်မှာ ဆီဗီလာ တိုက်စစ်မှူး ဗာဂတ်စ် နဲ့ ထိခိုက်မိခဲ့ပြီးနောက် ခရစ္စတန်ဆန် လဲကျခဲ့ပြီး အသင်းဖော် မာတင်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ ခရစ္စတန်ဆန်က ပေါင်ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရမှာဖြစ်ပြီး ဆေးစစ်ချက်ရလဒ်ကို ကြည့်ရှုပြီးမှ အသေးစိတ်ကို သိရမှာဖြစ်တယ်လို့ ဖလစ်ခ် က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန် ဟာ အခုရာသီ ဘာစီလိုနာအသင်းရဲ့ လာလီဂါ ၇ ပွဲမှာ ၆ ပွဲအထိ ပါဝင်ကစားပေးထားသူ ဖြစ်တဲ့အတွက် အသင်းခံစစ်မှာ အားကိုးရတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ (NVS 008)