“F1 ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခွင့်ရရှိမယ့် မိုနာကို”

22 Sep

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း မြေထဲပင်လယ် ကမ်းရိုးတန်းရှိ မိုနာကိုမြို့ရဲ့ ကျဉ်းမြောင်းပြီး ကွေ့ကောက်တဲ့ လမ်းမတွေပေါ်မှာ လာမယ့်ရာသီ Formula One Sprint ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲစဉ် ၂၄ ပွဲပါဝင်မယ့် လာမယ့်ရာသီ Formula One Sprint ပြိုင်ပွဲကို ယခင်ကျင်းပခဲ့တဲ့ပုံစံ ပွဲစဉ် ၆ ပွဲကနေ ပွဲစဉ် ၁၀ ပွဲအထိ စံချိန်တင်တိုးမြှင့်ဖို့ စီစဉ်ခဲ့ပြီးနောက် မိုနာကို အပြင် ဘာရိန်း၊ ဩစတြေးလျ၊ ဂျပန်နဲ့ ယူအေအီးတို့လည်း ပထမဆုံးအကြိမ်အဖြစ် တာတိုပြိုင်ပွဲတွေကို လက်ခံကျင်းပခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၇ ရက်တွေမှာ စမ်းသပ်မောင်းနှင်တာတွေပြုလုပ်ပြီးနောက် မတ်လ ၁၄ ရက်မှာ ဘာရိန်း နိုင်ငံ၊ Sakhir ကွင်းမှာ ပြိုင်ပွဲစတင်မှာ ဖြစ်ပါတယ်။ ဒုတိယပွဲစဉ်ကိုတော့ မတ်လ ၂၁ ရက် ဆော်ဒီအာရေးဗျမှာ ကျင်းပမယ်လို့ F1 အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ မိုနာကို Sprint ပြိုင်ပွဲအဆင့်ကို ၂၀၂၇ ခုနှစ် ဇွန်လ ၄ ရက်ကနေ ၆ ရက်အထိ ကျင်းပသွားမှာပါ။ မိုနာကိုလို ပင်လယ်ဆိပ်ကမ်းလမ်းကြောင်းမှာ တစ်စီးနဲ့တစ်စီး ကျော် တက်ဖို့ လွန်စွာခက်ခဲတာကြောင့် မိုနာကို မှာ Formula One Sprint ပြိုင်ပွဲထည့်သွင်းတာကို အံ့အားသင့်ခဲ့ကြပါတယ်။ (NVS 008)

22 Sep

ADVERTISE HERE .