“မက်ဒရစ်ဒါဘီမှာ အက်သလက်တီကိုအသင်း အနီကတ်နှစ်ကြိမ် ပြသခံရသင့်တယ်လို့ ပြောကြားခဲ့တဲ့ မော်ရင်ဟို”
22 Sep
ရီးရဲလ်အသင်းနည်းပြ မော်ရင်ဟို က မက်ဒရစ်ဒါဘီပွဲမှာ အက်သလက်တီကိုအသင်း အနီကတ်နှစ်ကြိမ် ပြသခံရသင့်တယ်လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းရဲ့ မက်ထရိုပိုလီတာနိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ အက်သလက်တီကို အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပွဲချိန်မိနစ် ၅၀ မှာ ရီးရဲလ်အသင်းနောက်ခံလူ ဟူဆန် အနီကတ်နဲ့ ထုတ်ပယ်ခံ ခဲ့ရပြီးမှ ဂိုးတွေသွင်းယူခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ဟို ကတော့ ပထမပိုင်းမှာကတည်းက အက်သလက်တီကိုကစားသမားနှစ်ဦး အနီကတ်ပြသခံရသင့် ပြီး ကွင်းလယ်ဒိုင်နဲ့ VAR ဒိုင်ရဲ့ဆုံးဖြတ်ချက်အမှားတွေက ပွဲအပေါ်သက်ရောက်မှုရှိစေခဲ့ကြောင်း ဝေဖန်ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟိုက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အက်သလက်တီကိုအသင်း အနီကတ်ပြခံရသင့်တဲ့ ဖြစ်ရပ်နှစ်ခုရဲ့မြင်ကွင်းကို A4 စာရွက်ပေါ်မှာ ဖော်ပြခဲ့ပြီး ဒိုင်တွေရဲ့အမှားကို ထောက်ပြခဲ့ကြောင်းလည်း သိရပါတယ်။ ဘယ်လင်ဂမ်ကို ရိုမဲရိုး ရဲ့ ပြစ်ဒဏ်ကျူးလွန်မှု၊ ဗယ်လ်ဗာဒီကို လီကန်အင်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေကို အနီကတ်ပြသင့်ကြောင်း မော်ရင်ဟိုက ထောက်ပြခဲ့ခြင်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ မက်ဒရစ်ဒါဘီမှာ ရှုံးနိမ့်ခဲ့ တာကြောင့် ထိပ်ဆုံးက ဘာစီလိုနာနဲ့ (၆)မှတ်ကွာဟသွားပြီး လာလီဂါအမှတ်ပေးဇယား အဆင့်(၄)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ (NVS 008)