“အင်္ဂလန်အသင်းလူစာရင်းကနေ ကစားသမား ၅ ဦးအထိ နုတ်ထွက်”

22 Sep

UEFA Nations League ပွဲများကစားမယ့် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းက ကိုးလ်ပါလ်မာ၊ ရက်ဖို့ဒ်၊ ဒက်ကလန်ရိုက်၊ မိန်နူးနဲ့ လစ်ဗရာမန်တို တို့ နုတ်ထွက်ခဲ့တာဖြစ်တယ်။ အင်္ဂလန်အသင်းဆေးအဖွဲ့က အခုကစားသမား ၅ ဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပေမယ့် ဒဏ်ရာနဲ့ပတ်သက်ပြီး ဖော်ပြခဲ့ခြင်းတော့ မပါရှိခဲ့ပါဘူး။ အင်္ဂလန်အသင်းနည်းပြ တူချယ် ဟာ နော်တင်ဟမ်အသင်းက ဂစ်ဘ်ဝှိုက် နဲ့ အဲဗာတန်အသင်းက ဂါနာ တို့ကို ခေါ်ယူခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးစလုံး မတ်လနိုင်ငံတကာပွဲ လူစာရင်းမှာ ပါဝင်ခဲ့ ပေမယ့် ကမ္ဘာ့ဖလားအတွက် ရွေးချယ်ခံရခြင်းတော့ မရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ စက်တင်ဘာလ ၂၆ ရက်မှာ စပိန်အသင်းနဲ့ ဝင်ဘလေမှာ ကစားမှာဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက်မှာ ချက်အသင်း၊ အောက်တိုဘာလ ၃ ရက်မှာ ခရိုအေးရှားအသင်းတို့နဲ့ အဝေးကွင်းကစားရမှာ ဖြစ်ကာ အောက်တိုဘာလ ၉ ရက်မှာတော့ ချက်အသင်းနဲ့ အိမ်ကွင်းမှာ ပြန်ကစားရမှာဖြစ်ပါတယ်။ (NVS 008)

22 Sep

ADVERTISE HERE .