“ရန်ကုန်မြို့နှင့် ဝူဟန်မြို့တို့ကြား ညီအစ်မမြို့တော်ဆက်ဆံရေးထူထောင်တဲ့ သဘောတူညီချက်လက်မှတ်ထိုး”

22 Sep

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တို့ကြား ညီအစ်မမြို့တော် ဆက်ဆံရေးထူထောင်တဲ့ သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာလ ၂၀ ရက်က ဝူဟန်မြို့မှာကျင်းပခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင် နှင့် ဝူဟန်မြို့တော်ဝန် မစ္စတာ Xiong Zheng Yu တို့က ညီအစ်မ မြို့တော်ဆက်ဆံရေး နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါ့အပြင် ရန်ကုန် မြို့တော်ဝန်က ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာမြို့တော်ဝန်များ တွေ့ဆုံဆွေးနွေးပွဲမှာ နည်းပညာဆန်းသစ်တီထွင်မှုမှ တစ်ဆင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ စက်မှုလက်မှုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြို့ပြပွင့်လင်း မြင်သာမှုကို တိုးချဲ့ခြင်းနှင့်ယဉ်ကျေးမှုဖလှယ်ခြင်းမှတစ်ဆင့် လူနေမှုဘဝအရည်အသွေးကိုမြှင့်တင်ခြင်း ခေါင်းစဉ် ၃ ခု ကို ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ထို့အတူ ၂၀၂၆ ဝူဟန်မြို့ နိုင်ငံတကာချစ်ကြည်ရေးမြို့များ၏ ပူးပေါင်းဆောင်ရွက်ရေးညီလာခံသို့လည်း ရန်ကုန်မြို့တော်ဝန်က တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားများကို ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းလည်း တက်ရောက်ခဲ့ပါတယ်။ (NVS 008)

22 Sep

ADVERTISE HERE .