“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်အထိ ပိုမိုရရှိ နိုင်မည်”

22 Sep

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ပါက အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်တယ်လို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၁ ရက်နံနက်ပိုင်းမှာ ကျင်းပတဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ အမျိုးသားအဆင့်အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လယ်ယာထုတ်ကုန်များတိုးမြှင့်ရန် လိုအပ်နေသည်ကို တွေ့ရှိရကာ မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များထဲမှာ လယ်ယာထွက်ကုန်များက အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၄၁ ဘီလီယံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၄၃ ဘီလီယံတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်သမ္မတက စိုက်ပျိုးသီးနှံတွေကို တစ်ဧကပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်စိုက်ပျိုးနိုင်ပါက အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရင် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံခန့်အထိ ပိုမိုရရှိနိုင်တာကိုတွက်ချက်ရရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လယ်ယာကဏ္ဍကို သမားရိုးကျထုတ်လုပ်မှုစနစ်မှ ခေတ်မီထိရောက်ပြီး ရေရှည်တည်တံ့တဲ့ ထုတ်လုပ်မှုစနစ်သို့ ကူးပြောင်းရန်လိုကာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိလာသည်နှင့်အမျှ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်နှင့် ပြည်သူ့ဝင်ငွေတိုးတက်လာကာ GDP မြင့်မားလာနိုင် မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် လယ်ယာကဏ္ဍမြှင့်တင်ရေးသည် နိုင်ငံ့စီးပွားတိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးတို့အတွက် အရေးကြီးသည့် ပထမခြေလှမ်းလည်းဖြစ်တယ်လို့ နိုင်ငံတော်သမ္မတက တိုက်တွန်း ပြောကြားခဲ့ပါတယ်။ (NVS 008)

22 Sep

ADVERTISE HERE .