“မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည်များကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့”

22 Sep

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည်များကို ကူမင်းမြို့အခြေစိုက်မြန်မာ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့် နှင့် တရုတ်(ကူမင်း)အာဆီယံအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. De Long Yong တို့ စက်တင်ဘာလ ၂၁ ရက်က ကူမင်းမြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဥ် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ကိစ္စ၊ မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုတဲ့ကိစ္စ၊ မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အဦများ တည်ဆောက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ထွက်ကုန်များကို ယူနန်ပြည်နယ်သို့ တင်ပို့ရောင်းချရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ (MSMEs)ဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ (NVS 008)

22 Sep

ADVERTISE HERE .