“ပါမောက္ခချုပ်ဆရာတော်ကြီး၏အမည်ကို အလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ”
22 Sep
ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည် ကောက်ခံမှုများရှိနေ၍ သတိပြုကြရန် ကပ္ပိယအဖွဲ့က စက်တင်ဘာလ ၁၇ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံးစားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးကနေ သွားရောက်လှူဒါန်းပေးမယ်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံခြင်းများ ပြုလုပ်နေခြင်းများကို တွေ့ရှိနေရကြောင်း အသိပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အလှူအတန်းများနှင့်ပတ်သက်၍ ဆရာတော်ကြီးထံသို့ တိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ကြီး ခွင့်ပြုတဲ့ အလှူကိစ္စရပ်များမှလွဲ၍ တဆင့်လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများလုံးဝ(လုံးဝ) မပြုလုပ်ကြရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ ကြောင်း သိရပါတယ်။ (NVS 008)
22 Sep