“ရေဘေးသင့်လေးမျက်နှာမြို့နယ်ရှိ လူဦးရေ ၂,၇၀၀ ကျော်အတွက် ရေလီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူး”
22 Sep
ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြို့နယ်မှာ စက်တင်ဘာလ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူးပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် အိမ်ထောင်စု ၈၂ စုအတွက် ရေဘူးပျော့(Jerry Can) ၁၆၆ ခုကို ဖြန့်ဖြူးပေးခဲ့ပြီး ကျန်းမာရေးဌာန ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲ့မှ ကြက်ခြေနီဝန်ထမ်းများနှင့် လေးမျက်နှာမြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာလုပ်အားရှင်များက အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်နှင့် စစ်ကုန်းကျေးရွာရှိ သောက်သုံး ရေလိုအပ်တဲ့ နေရာများမှာ ရေဖြန့်ဖြူးပေးလျက်ရှိပါတယ်။ စစ်ကုန်းကျေးရွာ မူလတန်းကျောင်းမှာ သောက်ရေရရှိရေး ဆောင်ရွက် ပေးခဲ့ပြီး လေးမျက်နှာမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်တဲ့ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ ဆက်လက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)