“အိန္ဒိယနိုင်ငံ ကော့တာဘာဘိုးဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုကြောင့် ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်းနေရ”

22 Sep

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် ကော့တာဘာဘိုးဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုကြောင့် ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်းနေရကြောင်း အိန္ဒိယ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။ မြေပြိုကျမှုကြောင့် လူနေအိမ်များပျက်စီးပြီး ဒေသခံနှစ်ဦးသေဆုံးခဲ့ကာ ဒေသခံအမြောက်အမြား ဘေးလွတ်ရာ ရွှေ့ပြောင်းနေရကြောင်း၊ ကော့တာဘာဘိုးဒေသ၏ ဝင်လမ်း၊ ထွက်လမ်းများလည်း မြေပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ကာ လမ်းများကို ယာယီပိတ်ထားရကြောင်း၊ ကယ်ဆယ်ရေးဝန်ထမ်းများလည်း ကော့တာဘာဘိုးဒေသသို့ ရောက်ရှိနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း အိန္ဒိယသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။ “ကီရာလာပြည်နယ်တစ်ဝန်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီ အချိန်ခန့်မှာတော့ ကော့တာဘာဘိုးဒေသမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရပါတယ်။ မြေပြိုကျမှုကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီးတော့ တစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်”ဟု အိန္ဒိယ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

22 Sep

ADVERTISE HERE .