သဘာဝ ပဋိဇီဝဆေးများ (အပိုင်း ၂)

21 Sep

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သဘာဝ ပဋိဇီဝဆေးများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ Chilli ငရုတ်ကောင်းတွင် antibiotic resistant food-borne ပိုးမွှားများကို တိုက်ဖျက်နိုင်တဲ့ antimicrobial ဂုဏ်သတ္တိများ ပါဝင်ပါတယ်။ ၎င်းဖြင့် ကုသနိုင်တဲ့ ဝေဒနာများတွင် နားကိုက်ခြင်း၊ အနာများ၊ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများလည်း ပါဝင်ပါတယ်။ Bacillus subtilis၊ E. coli ၊ Salmonella၊ cholera နဲ့ Staphylococcus စတဲ့ bacteria ပိုးများကို တိုက်ထုတ်ရာမှာလည်း အသုံးဝင်ပါတယ်။ ဘယ်ရီသီးများက ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ အခြားဆီးအိမ်ပြဿနာများကို တိုက်ဖျက်ရန် အတွက် အသုံးဝင်ပါတယ်။ Cranberry ဖျော်ရည်သောက်ခြင်းက သက်ကြီး အမျိုးသမီးများနဲ့ ကိုယ်ဝန်ဆောင်မိခင်များ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်နိုင် ပါတယ်။ ဘလူးဘယ်ရီ ဖျော်ရည်မှာလည်း အလားတူ ခုခံအားကို နှိုးဆွတဲ့ ဒြပ်ပေါင်းများနဲ့ antioxidant ဓာတ်များပါ၀င်ပြီး အလားတူ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဘလက်ဘယ်ရီသီးတွင် ပါရှိတဲ့ ဒြပ်ပေါင်းများက Staphylococcus aureus ဘက်တီးရီးယားပိုးများကို သေစေနိုင်တဲ့ antibiotics ကိုထုတ်လုပ်ပေးပါတယ်။ ဘယ်ရီသီးတွေက MRSA လိုမျိုး အသက်အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေကိုလည်း တိုက်ထုတ်နိုင်ပါတယ်။ Grapefruit Seed Extract က ဘက်တီးရီးယား၊yeast၊ ဗိုင်းရပ်စ်၊ မှိုနဲ့ ကပ်ပါးပိုးမွှားအမျိုးမျိုးကို ထိရောက်စွာ တိုက်ဖျက်နိုင်ပါတယ်။ Grapefruit seed extract က ကိုယ်ခံအားစနစ်ကို အကျိုးပြုနိုင်ပါတယ်။ ဒါ့အပြင် celluliteကို လျှော့ချပေးပြီး ကိုယ်အလေးချိန်ကျစေရန် ကူညီပေးပါတယ်။ လေ့လာချက်များအရ ၎င်းဟာ ရောဂါပိုးမွှားမျိုးစုံကို သတ်နိုင်တယ်ဟု ဆိုပါတယ်။ Candida infections၊ နားကိုက်ခြင်း၊ လည်ချောင်းပိုးဝင်ခြင်း၊ ဝမ်းပျက်ခြင်း၊ strep ပိုးဝင်ခြင်း၊ salmonella၊ တုပ်ကွေး၊ ရေယုန်၊ E. coli၊ Staphylococcus၊ ကပ်ပါးကောင်များနဲ့ အခြားရောဂါများစွာကိုလည်း တိုက်ထုတ်နိုင်ပါတယ်။ ယူကလစ်ပင် (Eucalyptus) ကနေ ရရှိတဲ့ အဆီဟာ လောင်စာဆီများ၊ ရေမွှေးများ၊ အင်းဆက်ပိုးမွှားများကို နှိမ်နင်းရန်အတွက်နဲ့ ပိုးသတ်ဆေးများအဖြစ်လည်း အကျုံးဝင်ပါတယ်။ လေ့လာချက်များအရ ယူကလစ်အရွက်က အဆီဟာ gram-negative ဘက်တီးရီးယားများဖြစ်တဲ့ E. Coli နဲ့ gram-positive ဖြစ်တဲ့ Staphylococcus aureus ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ပါတယ်။ နောက်ထက် လေ့လာမှုတစ်ခုအရက Mycobacterium tuberculosis ဘက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်များ၊ မှိုများ နဲ့ Candida တို့ကို တိုက်ဖျက်ရာမှာလည်း အဲ့ဒီအဆီက ထိရောက်မှုရှိပါတယ်။ အဲ့ဒီအဆီထဲမှာ သိသာထင်ရှားတဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်နိုင်ခြင်း၊ antioxidants၊ အကိုက်အခဲပျောက်ဆေး၊ spasmolytic နဲ့ ကိုယ်ခံအားလှုံ့ဆော်မှုဆိုင်ရာ အာနိသင်များ ပါဝင်ပါတယ်။ ယူကလစ်ဆီရဲ့ အနံ့ကို ရှူခြင်းက လည်ချောင်းနာခြင်း၊ ပန်းနာရင်ကျပ်နဲ့ နာတာရှည် လေပြွန်ကျဉ်းရောဂါ စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာစေပါတယ်။ Collodial Silver က ကင်ဆာ သို့မဟုတ် HIV/AIDS ရောဂါများကို ကုသနိုင်ပါတယ်။ ဒါ့အပြင် အအေးမိခြင်းမှလည်း မြန်မြန်သက်သာပျက်ကင်းစေအောင် လုပ်ဆောင်နိုင်ပါတယ်။ ၎င်းကို စားသုံးခြင်း သို့မဟုတ် လိမ်းဆေးအဖြစ် အသုံးပြုနိုင်တဲ့ ဘက်တီးရီးယားပိုးသတ်ဆေးအဖြစ်လည်း အသုံးပြုတတ်ကြပါတယ်။ မကြာသေးမီက သုတေသနတစ်ခုအရ Colloidal Silver က MRSA၊ ကြက်ငှက်တုပ်ကွေးနဲ့ SARS စတဲ့ antibiotic-resistant ဘက်တီးရီးယားများကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ Cayenne ငရုတ်ကောင်းတွင် ဗီတာမင် C၊ ဗီတာမင် B6၊ ဗီတာမင် E၊ မန်းဂနိစ်၊ ပိုတက်စီယမ်နဲ့ flavonoids များ စတဲ့ အာဟာရဓာတ်များ ပြည့်ဝစွာ ပါဝင်ပါတယ်။ ၎င်းတို့က ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်များကို တိုက်ထုတ်ရန်အတွက် အစွမ်းထက်တဲ့ antioxidant ဂုဏ်သတ္တိများ ပါဝင်ပါတယ်။ Cayenne ငရုတ်သီးမှာ ကယ်လိုရီနည်းပြီး ကိုလက်စထရော မပါဝင်သလို ဗီတာမင် A ပမာဏလည်း အများအပြား ပါဝင်ပါတယ်။ မုရန်ဆီ (Myrrh extract) တွင် မွှေးပြီး ချိုတဲ့အနံ့ရှိပြီး တစ်ခါတစ်ရံ ခါးတဲ့ အနံ့မျိုးလည်း ရှိပါတယ်။၎င်းဟာ အဝါရောင် လိမ္မော်ရောင်ဖြစ်ပြီး ပျစ်ပါတယ်။ ရေမွှေးနဲ့ အခြားရနံ့ ထုတ်ကုန်တွေမှာလည်း အသုံးပြုလေ့ရှိပါတယ်။ မုရန်ကို ပိုးဝင်ခြင်းနဲ့ တခြား အခြေအနေများအတွက်လည်း သဘာဝကုသမှုတစ်ခုအဖြစ်လည်း အသုံးပြုကြပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားပိုးများကို သတ်နိုင်ပါတယ်။ Staphylococcus aureus (အရေပြားပိုးဝင်ခြင်း)၊ Enterococcus faecalis ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ၊ သွားပိုးဝင်တာ နဲ့ ဆီးလမ်းကြောင်းပိုးဝင်တာ တွေကိုလည်း ကုသနိုင်ပါတယ်။ စမုန်ဖြူအဆီ (Thyme essential oil) က ဘက်တီးရီးယား အမျိုးပေါင်း ၁၂၀ အပေါ် သိသာထင်ရှားစွာ သက်ရောက်မှုရှိပါတယ်။ ၎င်းကို Listerine အပါအဝင် ခံတွင်းဆေးရည်၊ အယ်လ်ကိုဟောမပါတဲ့ လက်သန့်ဆေးများနဲ့ အိမ်သုံးသန့်စင်ဆေးအချို့မှာလည်း ထည့်သုံးကြပါတယ်။ (NVS 003)

21 Sep

ADVERTISE HERE .