“ကလပ်ကစားသမားဘ၀ ပထမဆုံးဟက်ထရစ်ရခဲ့တဲ့ အိုလီဆေး”

21 Sep

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား အိုလီဆေး က ယူနီယံဘာလင်ကို ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကလပ်ကစားသမားဘ၀ ပထမဆုံးဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပါတယ်။ အိုလီဆေး ဟာ ပွဲချိန် ၄၃၊ ၇၃၊ ၇၆ မိနစ်တို့မှာ ဟက်ထရစ်သွင်းခဲ့ပြီး ဟာရီကိန်း ရဲ့ ဒုတိယဂိုးကိုလည်း ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ အိုလီဆေး အနေနဲ့ ဂိုးကန်ချက်ခြောက်ကြိမ်၊ ဖန်တီးမှုနှစ်ကြိမ်ကနေ အခုလိုမှတ်တမ်းကောင်းကို ရယူနိုင် ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခုပွဲစဉ်မှာ ဘောလုံးထိချက် ၁၀၆ ကြိမ်နဲ့ အောင်မြင်တဲ့ဖြတ်ကျော်နိုင်မှု ငါးကြိမ် ရှိခဲ့ပါတယ်။ အိုလီဆေး ဟာ ကစားသမားဘဝ ဒုတိယမြောက်ဟက်ထရစ်ကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပထမဆုံး ဟက်ထရစ်ကတော့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ရရှိခဲ့တာဖြစ်ပြီး ဇွန်လ ၆ ရက်က မြောက်အိုင်ယာလန်အသင်းကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

21 Sep

ADVERTISE HERE .