“ဒက်ကလန်ရိုက်စ် ရဲ့ ပွဲ(၃၀၀)ပြည့်တဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တဲ့ အာဆင်နယ်အသင်း”
21 Sep
ပရီးမီးယားလိဂ်ကြယ်ပွင့် ဒက်ကလန်ရိုက်စ် အနေနဲ့ လိဂ်ပွဲ ၃၀၀ ပြည့်ခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ဘရိုက်တန်ကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိရာသီမှာ ပထမဆုံးရှုံးပွဲကြုံခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာကို ဆင်းပေးခဲ့ရပါတယ်။ ဒက်ကလန်ရိုက်စ် အနေနဲ့ ပရိုကစားသမားဘဝတစ်လျှောက် ဝက်စ်ဟမ်း၊ အာဆင်နယ် အသင်းတွေမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲ ၃၀၀ ပြည့်မြောက်ခဲ့ပါတယ်။ အသက် ၂၇ နှစ်နဲ့ ၂၄၉ ရက်ရှိပြီဖြစ်တဲ့ ဒက်ကလန်ရိုက်စ် ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယမြောက်အသက်အငယ်ဆုံး ပွဲ ၃၀၀ ပြည့်သူ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲ ၃၀၀ ပြည့်တဲ့ ကစားသမားတွေကတော့ ဘယ်ရီ ၂၆ နှစ်၊ ၃၂၃ ရက်နှင့် လမ်းပတ် ၂၇ နှစ်၊ ၂၀၉ ရက် တို့ ဖြစ်ပါတယ်။
21 Sep