“ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ဖူးသမျှပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်တဲ့ ဟာလန်း”

21 Sep

မန်စီးတီးတိုက်စစ်မှူး ဟာလန်း ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရင်ဆိုင်ဖူးသမျှ ပြိုင်ဘက်အသင်းတိုင်းအား ဂိုးသွင်းယူနိုင်တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဟာလန်း အနေနဲ့ မန်စီးတီးအသင်းက ဆန်းဒါးလန်းအသင်းကို ၅ ဂိုး၊ ၃ ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းနိုင် ခဲ့တာကြောင့် အခုမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမတိုင်ခင်မှာ ဟာလန်း ဟာ ဆန်းဒါးလန်းကို ဂိုးမသွင်း နိုင်သေးတာကြောင့် မပြည့်စုံဘဲဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဟာလန်း က ရင်ဆိုင်ဖူးခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ၂၅ သင်းစလုံးကို ဂိုးသွင်းယူနိုင်တဲ့ တိုက်စစ်မှူးဖြစ်လာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဥ် ၅ ပွဲလုံး ရာနှုန်းပြည့်အနိုင်ယူပြီး လက်ရှိချန်ပီယံအာဆင်နယ်ကို သုံးမှတ်ဖြတ်နိုင်ခဲ့ပါတယ်။

21 Sep

ADVERTISE HERE .