“အသင်းကြီးအချို့ နိုင်ပွဲပျောက်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅)”

21 Sep

ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာ အံ့ဩဖွယ်ရလဒ်များနှင့်အတူ အသင်းကြီးအချို့ နိုင်ပွဲပျောက်ဆုံး ခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ရဲ့ စနေနေ့အစောဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချဲလ်ဆီးအသင်းက အိမ်ရှင်ဘရန်းဖို့ဒ်အသင်း ကို ၃ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် စပါးအသင်းကလည်း အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး-၃ ဂိုး၊ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းက အိမ်ရှင်ဘရိုက်တန်အသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အံ့ဩဖွယ်ရာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဗာတန်အသင်းက အစ်ဝပ်ချ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိ၊ နယူးကာဆယ်လ်အသင်းက ဒီရာသီမှာ ခြေစွမ်း ကောင်းနေတဲ့ ဟူးစီးတီးအသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိရာသီတန်းတက်အသင်း ကွန်ဗန်ထရီ အသင်းက အိမ်ရှင်နော်တင်ဟမ်အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ရဲ့ တနင်္ဂနွေနေ့ပွဲစဉ်တွေမှာ လီဗာပူးလ်အသင်းက အိမ်ရှင်ဘုန်းမောက်အသင်းကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆက်လက်ပြီး မန်စီးတီးအသင်းနှင့် ဆန်းဒါးလန်းအသင်းတို့ပွဲစဉ်မှာ အပြန်အလှန် တိုက်စစ်တွေနဲ့အတူ သွင်းဂိုးများရရှိခဲ့ပြီးနောက် အိမ်ရှင်မန်စီးတီးအသင်းက ၅ ဂိုး၊ ၃ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ ပါတယ်။ လက်ရှိရာသီမှာ ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်နေတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ ဖူဟမ်နှင့် မန်ယူအသင်းတို့ ပွဲစဉ်မှာ ဖူဟမ်အသင်းက မာတီနက်ဇ် ရဲ့ Own Goal နှင့် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ မန်ယူအသင်းအတွက် ကွန်ညာ က ပွဲပြီးခါနီး ၈၉ မိနစ်မှာ အဝေးကန်ချက်ကနေတစ်ဆင့် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံး ချိန်မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပြီး မန်ယူအသင်းအနေနဲ့ ရမှတ်တစ်မှတ်ကို ဖူဟမ်အသင်းနှင့် ခွဲယူနိုင်ခဲ့ပါတယ်။

21 Sep

ADVERTISE HERE .