“အကြမ်းဖက်အဖွဲ့များရဲ့ဖျက်ဆီးမှုများကြောင့် System Breakdown မကြာခဏဖြစ်ပေါ်ခြင်းဖြစ်”

21 Sep

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown မကြာခဏဖြစ်ပေါ်နေရခြင်းမှာ အကြမ်းဖက်အဖွဲ့များ၏ ဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာလ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်အားလိုင်းကြီးများအပါအဝင် ဓာတ်အားစနစ်တစ်လျှောက် မိုးကြိုးလျှပ်စစ်အန္တရာယ်မှ အကာအကွယ် ရရှိနိုင်ရန် တာဝါတိုင်များတွင်တပ်ဆင်ထားတဲ့ မြေစိုက်ကြိုးများဖြတ်ခိုးခံရခြင်း၊ တာဝါတိုင်အခြေမှ သံဘောင်များ၊ ဘိုနပ်များဖြုတ်ခိုးခံရခြင်းတို့ကြောင့် ဓာတ်အားစနစ်က မိုးကြိုးလျှပ်စီးဒဏ်မှ အကာအကွယ်မဲ့ကာ ဝန်သယ်ကြိုး များတွင် ဒဏ်များပိုမိုဖြစ်ပေါ်ခဲ့ပါတယ်။ အခုလိုဖြစ်ပေါ်လာရာမှ ပြတ်ကျခြင်း၊ တာဝါတိုင်များကြံ့ခိုင်မှုအားနည်းသွားပြီး အလိုအလျောက်(သို့) သာမန် လေပြင်းတိုက်ရုံမျှဖြင့် ပြိုလဲခြင်းတို့ဖြစ်ပေါ်လျက်ရှိတဲ့အပြင် အချိုမဟာဓာတ်အားလိုင်းကြီးများ ဖျက်ဆီးခံထားရချိန် မှာ ကျန်ရှိသော ဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများကို ဆတိုးသယ်ဆောင်ရကာ ဝန်သယ်ကြိုးများမှာ ဒဏ်ဖြစ် ပေါ်ပြီး ဝန်သယ်နိုင်အား လျော့ကျလာလျက်ရှိပါတယ်။ ဘိုနပ်များဖြုတ်ယူနိုင်ခြင်းမရှိစေရန် အချို့နေရာများမှာ လျှပ်စစ်ဂဟေဖြင့် ဆက်ထားရ၍ အချိန်ကြာ လာသည်နှင့်အမျှ ယင်းနေရာမှာ သံချေးစား၍ တာဝါတိုင်ကျိုးပြတ်ခြင်း များဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်များက နိုင်ငံတော်ဓာတ်အားစနစ်တွင် အနှောက်အယှက်၊ အဖျက်အဆီးများ ဖြစ်ပြီး ဓာတ်အားစနစ်တစ်လျှောက် မကြာခဏအပြစ်ဖြစ်ပေါ်၍ နေရာဒေသအလျောက် ဓာတ်အားပြတ်တောက်ခြင်း၊ အချို့အချိန်များမှာ တစ်နိုင်ငံလုံးဓာတ်အားပြတ်တောက်၍ System Breakdown ဖြစ်ခြင်းများဖြစ်ပေါ်လျက် ရှိပါတယ်။ System Breakdown ဖြစ်ပေါ်ပါက လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် အချိန်ကာလ၊ နေရာဒေသမရွေး ချက်ချင်းအပြစ်ရှာဖွေပြင်ဆင်မှုများပြုလုပ်ခဲ့ကြပေမယ့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိတဲ့နေရာမှာ မိနစ် ၃၀ ကြာမြင့်ပြီး အချို့နေရာဒေသများတွင် ၅ နာရီခန့်ကြာမြင့်ကြောင်း ဖော်ပြထားရှိပါတယ်။ ဒါကြောင့်နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားစနစ်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရန်နှင့် နှောင့်ယှက်ဖျက်ဆီးသူများကို ဖော်ထုတ် သတင်းပေးကြရန် မေတ္တာရပ်ခံထားရှိပါတယ်။ (NVS 008 )

21 Sep

ADVERTISE HERE .