“မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရဲ့ (၂၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပမည်”
21 Sep
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(MPMEA)၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်း သားစုံညီအစည်းအဝေးကို လာမည့်အောက်တိုဘာလ ၁၇ ရက်မှာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးသို အသင်းဝင်များအနေနဲ့ ဖိတ်စာရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မပျက်မကွက် တက်ရောက်ကြရန် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့က အသိပေးထား ပါတယ်။ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(MPMEA)က ဆေးဝါးနှင့်ဆေးပစ္စည်းများ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များနဲ့ စုစည်းဖွဲ့စည်းထားတဲ့ အသင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008 )
21 Sep