“နီပေါနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ လူကြုံပစ္စည်းသယ်ယူခြင်း အထူးသတိထားရန်အသိပေး”

21 Sep

နီပေါနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကြုံပစ္စည်းများသယ်ယူရာမှာ အထူးသတိပြု ကြရန် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာလ ၁၈ ရက်မှာ သတိပေးထားပါတယ်။ ယခုရက်ပိုင်းအတွင်း နီပေါနိုင်ငံသို့ အလည်အပတ်ခရီးသွားခြင်း၊ ပစ္စည်းသယ်ယူပို့ဆောင်တဲ့လုပ်ငန်းလုပ်ကိုင် ခြင်း သို့မဟုတ် အလုပ်အကိုင်ရှာဖွေရန် လာရောက်တဲ့ မြန်မာနိုင်ငံသားအချို့ကို မသမာသူများက ရည်ရွယ်ချက်ရှိရှိ ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းများအတွင်း တရားမဝင်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ ထည့်သွင်းထားသည်ကို မသိရှိဘဲ သယ်ဆောင်လာတဲ့ ဖြစ်စဉ်များရှိနေကြောင်း သိရပါတယ်။ အခုလိုသယ်ဆောင်လာမှုများကြောင့် ခတ္တမန္ဒူ မြို့ရှိ Tribhuvan International Airport မှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ မြန်မာနိုင်ငံသားအချို့ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်များဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် နီပေါနိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအနေနဲ့ မိမိကိုယ်တိုင်သေချာစွာစစ်ဆေး သိရှိထားခြင်းမရှိတဲ့ လူကြုံပစ္စည်းများကို သယ်ဆောင်ခြင်းမပြုရန်နှင့် အခုလိုဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး အထူးသတိပြုကြရန် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထားပါတယ်။ (NVS 008 )

21 Sep

ADVERTISE HERE .