“အမေရိကန်က အရှေ့အလယ်ပိုင်းမှ နိုင်ငံသားများကို လုံခြုံရေးသတိပေး”
21 Sep
အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေချိန် ဒေသတွင်းရှိ အမေရိကန် နိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေကို အထူးသတိပြုရန် အမေရိကန်အစိုးရဘက်က သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ ဟူသီအဖွဲ့နှင့် ဆော်ဒီ တို့ကြား အပြန်အလှန်တိုက်ခိုက်မှုများ ပြင်းထန်လာနေစဉ် ဒေသတွင်းလုံခြုံရေး အခြေအနေ ပိုမိုရှုပ်ထွေးလာခြင်းဖြစ်သည်။ အမေရိကန်၏ လုံခြုံရေးသတိပေးချက်များတွင် အရှေ့အလယ်ပိုင်းဒေသ အတွင်း ပဋိပက္ခများ လျင်မြန်စွာ ပိုမိုကျယ်ပြန့်လာနိုင်သည့်အခြေအနေကို ထည့်သွင်းဖော်ပြထားသည်။ ထို့ပြင် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ၊ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်း သို့မဟုတ် နှောင့်နှေး ခြင်းနှင့် လေပိုင်နက်ပိတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကိုလိုက်နာရန် တိုက်တွန်း ထားသည်။
21 Sep