“Al အပေါ် အလွန်အမင်းမှီခိုမှုက အီရန်ရှိစာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွက် အဓိကအချက်တစ်ရပ်ဖြစ်လာ”

21 Sep

အမေရိကန်ကလုပ်ဆောင်သည့် လေကြောင်းမှတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံရှိ မိန်းကလေးသီးသန့် စာသင်ကျောင်းတစ်ကျောင်းကို ထိမှန်ခဲ့သည့်ဖြစ်စဉ်တွင် အမေရိကန်တပ်မတော်အနေဖြင့် ဉာဏ်ရည်တုနည်းပညာ (AI)အပေါ် အလွန်အမင်းမှီခိုမှုနှင့် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များကို အသုံးပြုရာတွင် ပြဿနာများဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုကိုကိုးကား၍ ဒေသတွင်း သတင်းဌာနများကဖော်ပြသည်။ အဆိုပါဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၂၈ ရက်က အီရန်နိုင်ငံ မီနပ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်း အဆောက်အအုံသည် အမေရိကန်ကပစ်လွှတ်လိုက်သော တိုက်ခိုက်ရေးဒုံးကျည်များ၏ ထိမှန်မှုကိုခံခဲ့ရခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်ကြောင့် ကလေးငယ်များအပါအဝင် လူအမြောက်အမြားသေဆုံးခဲ့ကြောင်း သတင်းများကဖော်ပြ ထားသည်။ အမေရိကန်စစ်ဘက်ကလုပ်ဆောင်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုအတွက် ပစ်မှတ်ရွေးချယ်ရာ၌ ဉာဏ်ရည်တု နည်းပညာ အခြေပြုစနစ်များအပါအဝင် နည်းပညာများကို အသုံးပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုတွင်တွေ့ရှိရသည်။ သို့သော် Al စနစ်များကထုတ်ပေးသည့် အချက်အလက်များကို လူသားများက ထပ်မံစစ်ဆေးအတည်ပြုရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။ တစ်ချိန်တည်းမှာပင် စစ်မက်ရေးရာဝန်ကြီး၏ ညွှန်ကြားချက်အရ အရပ်သားများထိခိုက်မှု လျော့ပါးစေရေး တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များကို ၉၀ ရာခိုင်နှုန်းဝန်းကျင် လျှော့ချလိုက်သည့်အတွက် မီနပ်မြို့ဖြစ်စဉ်မတိုင်မီ အချက်အလက်များကို စစ်ဆေးအတည်ပြုပေးမည့်သူမရှိသည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်သည် စစ်ရေးနယ်ပယ်တွင် Al နည်းပညာကို ပိုမိုအသုံးပြုလာခြင်းနှင့်အတူ လူသားများ၏ နောက်ဆုံးဆုံးဖြတ်ချက်နှင့် တာဝန်ယူမှုတို့၏ အရေးပါမှုကိုလည်း မီးမောင်းထိုးပြစေခဲ့သည်။ AI ကို ပစ်မှတ် သတ်မှတ်ရေးနှင့် စစ်ဆင်ရေးများတွင် အသုံးပြုမှုအတွက် နိုင်ငံတကာစည်းမျဉ်းများ လိုအပ်မှုသည်လည်း ဆွေးနွေးရ မည့်ကိစ္စဖြစ်လာသည်။

21 Sep

ADVERTISE HERE .