“တိုင်ဆန်ဖြူရီနှင့် အန်သိုနီဂျိုရှုအာ တို့ပွဲစဉ်ကို ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့တွင် ထိုးသတ်ရန်နီးစပ်နေကြောင်း ပွဲစီစဉ်သူပြောကြား”

20 Sep

အင်္ဂလန်ထိပ်တန်း လက်ဝှေ့သမားများဖြစ်သည့် တိုင်ဆန်ဖြူရီ နှင့် အန်သိုနီဂျိုရှုအာ တို့ပွဲစဉ်ကို ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့တွင်ကျင်းပရန် နီးစပ်နေကြောင်း ပွဲစဉ်စီစဉ်သူ အက်ဒီဟီရန် ကပြောကြားခဲ့ပါတယ်။ တိုင်ဆန်ဖြူရီ နှင့် အန်သိုနီဂျိုရှုအာ တို့ထိုးသတ်ရန် နှစ်ဖက်ဆွေးနွေးနေမှုမှာ ကာလကြာရှည်နေပြီး အစောပိုင်းက ပထမအကြိမ်ဆွေးနွေးမှုကို တိုင်ဆန်ဖြူရီ ဘက်မှ ရပ်ဆိုင်းခဲ့သော်လည်း နောက်ပိုင်းတွင် ဒုတိယ အကြိမ် ပြန်လည်ဆွေးနွေးခဲ့ရာမှ ထိုးသတ်ရန် သဘောတူညီမှုရရှိထားခြင်းဖြစ်ပါတယ်။ တိုင်ဆန်ဖြူရီ နှင့် အန်သိုနီဂျိုရှုအာ တို့ကြား ထိုးသတ်ရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် အစောပိုင် က နိုဝင်ဘာလ ၂၈ ရက်တွင် ထိုးသတ်ရန်ညှိနှိုင်းခဲ့သော်လည်း ယခုအခါ ဒီဇင်ဘာလ ၁၂ ရက်တွင် ထိုးသတ်ရန် နီးစပ် နေခြင်းဖြစ်ပါတယ်။ အက်ဒီဟီရန် က “ဂျိုရှုအာ အနေနဲ့ ဒီပွဲကို အမေရိကန်မှာ ထိုးသတ်မယ်ဆိုရင် ထိုးသတ်ကြေး သန်းပေါင်း များစွာ ပိုမိုရရှိနိုင်တယ်ဆိုပေမဲ့ သူက ဗြိတိန်မှာပဲထိုးဖို့ တောင်းဆိုထားတာပါ။ ပွဲစဉ်ကို ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့မှာ ကျင်းပဖို့ ပိုများပါတယ်။ ဖြူရီ ဘက်ကလဲ ကာဒစ်ဖ်မှာ ကျင်းပချင်နေတာပါ” ဟုပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)

20 Sep

ADVERTISE HERE .