“ပီအက်စ်ဂျီအသင်းက ဒမ်ဘီလီ ကို ၂၀၃၀ ပြည့်နှစ်ထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိ”

20 Sep

ပီအက်စ်ဂျီအသင်းက အဓိကတိုက်စစ်ကစားသမား ဒမ်ဘီလီ ကို ၂၀၃၀ ပြည့်နှစ်ထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဒမ်ဘီလီ ဟာ ၂၀၂၃ ခုနှစ်က ဘာစီလိုနာမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ပထမဆုံးဘောလုံးရာသီတွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတွင် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီ အနေနဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားခြောက်လုံးထိ ဆွတ်ခူးခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ကာ ပြိုင်ပွဲစုံ ၄၉ ပွဲတွင် သွင်းဂိုး ၃၃ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းနှင့် ဒမ်ဘီလီ တို့ရဲ့ စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၈ ခုနှစ်တွင် ကုန်ဆုံးမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက အဓိကကစားသမားတစ်ဦးကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုတာကြောင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာ ၂၀၃၀ပြည့်နှစ်ထိ သက်တမ်းတိုးနိုင်ရန် သဘော တူညီမှု ရရှိခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

20 Sep

ADVERTISE HERE .