“ဖလမ်းမြို့တွင် ဒေသခံပြည်သူ လူဦးရေ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်း ပြန်လည်နေထိုင်လျက်ရှိ”

19 Sep

ဖလမ်းမြို့ကို တပ်မတော်ကထိန်းချုပ်ပြီးနောက် မေလ ၆ ရက်မှစတင်ကာ ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ဖလမ်းမြို့ပေါ်လူဦးရေ၏ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်း ပြန်လည်နေထိုင်လျက် ရှိကြောင်း သိရပါတယ်။ ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒေသခံပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင် နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ထောက်ပံ့ရေးပစ္စည်းများပေးအပ်ကာ ကြိုဆိုခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဖလမ်းမြို့ပေါ်တွင် အခြေခံအဆောက်အဦပြုပြင်ခြင်း လုပ်ငန်းများ၊ နေရပ်ပြန်ပြည်သူများကို ကူညီထောက်ပံ့ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိကာ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 008)

19 Sep

ADVERTISE HERE .