“ဘိုင်ယန်မြူးနစ်အသင်းနှင့် သက်တမ်းတိုးရန် ဆန္ဒရှိတဲ့ အိုလီဆေး”

18 Sep

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား အိုလီဆေး က လက်ရှိအသင်းနှင့်သာ စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ အိုလီဆေး က ၂၀၂၄ နွေရာသီတွင် ခရစ္စတယ်ပဲလေ့စ်မှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ယူရိုသန်း ၆၀ ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ပြီးခဲ့မှာနှစ်ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အိုလီဆေး ကိုခေါ်ယူရန် စိတ်ဝင်စားသည့် အသင်းများစွာရှိလာခဲ့ပြီး ရီးရဲလ်အသင်းက ဘရားဇီးတိုက်စစ်မှူး နေမာ ရဲ့ ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းကို ချိုးဖျက်ပြီး ခေါ်ယူရန်အထိ အသင့်ရှိနေကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အိုလီဆေး က လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးစာချုပ်သစ်ကို ချုပ်ဆိုပြီး ဘိုင်ယန်မြူးနစ်တွင်သာ ဆက်နေသွားရန် ဆန္ဒရှိကြောင်း သိရပါတယ်။(NVS 008)

18 Sep

ADVERTISE HERE .