“ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင် တော့ဘိုလီ အသင်းရှယ်ယာများကို ရောင်းချခဲ့ပြီးနောက် အသင်းဥက္ကဋ္ဌရာထူးမှ ထွက်ခွာ”
18 Sep
ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင် တော့ဘိုလီ က အသင်းရှယ်ယာများကို Clearlake Capital ကုမ္ပဏီထံ ရောင်းချခဲ့ပြီး အသင်းဥက္ကဋ္ဌရာထူးမှလည်း ထွက်ခွာခဲ့ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးအသင်းတွင် ၂၀၂၂ ခုနှစ်က အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး အသင်းပိုင်ရှင်ဟောင်း ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ် က အသင်းကိုရောင်းချခဲ့ရာ Clearlake Capital က ရှယ်ယာ ၆၁ ဒသမ ၆ ရာခိုင်နှုန်း ဝယ်ယူခဲ့ပြီး အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် တော့ဘိုလီ၊ ဝိုင်းစ်၊ ဝေါ်တာ တို့က ၁၂ ဒသမ ၈ ရာခိုင်နှုန်း စီဝယ်ယူခဲ့ကာ အသင်းပူးတွဲပိုင်ရှင်များ ဖြစ်လာခဲ့ပါတယ်။ တော့ဘိုလီ က အသင်းပူးတွဲပိုင်ရှင် ဖြစ်လာခဲ့ပြီးနောက် အသင်းဥက္ကဋ္ဌရာထူးကိုရယူကာ အသင်းရဲ့အားကစား ဆိုင်ရာကိစ္စရပ်များကို ဦးဆောင်လုပ်ကိုင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှစတင်ကာ ချဲလ်ဆီးအသင်းတွင် ပူးတွဲအသင်း ပိုင်ရှင်များကြား တင်းမာမှုများစတင်ဖြစ်ပွားလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်း ပူးတွဲပိုင်ရှင်များကြား ၂၀၂၄ ခုနှစ်မှစတင်ပြီး အိမ်ကွင်းသစ်စီမံကိန်းနှင့်ပတ်သက်၍ သဘောထားတင်းမာမှုများ ရှိလာခဲ့သလို ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သူ ဝေါ်တာ ကလည်း အမေရိကန်အစိုးရက ငွေကြေး ပိုင်းစစ်ဆေးမှုများ ရှိလာခဲ့ပြီးနောက် ၎င်းတို့ပိုင်ဆိုင်ထားသည့် အသင်းရှယ်ယာ ၁၂ ဒသမ ၈ ရာခိုင်နှုန်းစီကို Clearlake Capital ထံရောင်းချခဲ့ပြီး တော့ဘိုလီ ကလည်း အသင်းဥက္ကဋ္ဌရာထူးမှ ထွက်ခွာခဲ့ကြောင်း သိရပါတယ်။(NVS 008)