“ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄) အကောင်းဆုံးကစားသမားဆုကို အာဆင်နယ်အသင်းဂိုးသမား ရာယာ ရရှိ”
18 Sep
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)အတွက် အကောင်းဆုံးကစားသမားဆုကို အာဆင်နယ်အသင်းဂိုးသမား ဒေးဗစ်ရာယာ က ရရှိခဲ့ပါတယ်။ ဂိုးသမား ရာယာ ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)အဖြစ်ကစားသည့် အာဆင်နယ်အသင်းက ဆန်းဒါးလန်း အသင်းကို ၂ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် အသင်းနှင့်အတူ အကောင်းဆုံးလက်စွမ်းပြနိုင်ပြီးနောက် ပွဲစဉ်(၄) အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် ပါဝင်လာပြီးနောက် အကောင်းဆုံးကစား သမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဂိုးသမား ရာယာ အနေနဲ့ အာဆင်နယ်နှင့် ဆန်းဒါးလန်းအသင်းတို့ပွဲစဉ်တွင် ပယ်နယ်တီတစ်ကြိမ် ကာကွယ်မှု ပြုလုပ်နိုင်ခဲ့သည့်အပြင် ပွဲကစားချိန်တွင်လည်း ဆန်းဒါးလန်းအသင်းရဲ့ အပိုင်ဂိုးသွင်းခွင့်များကို အကောင်းဆုံး လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ ဆန်ခါတင်ကစားသမားစာရင်းမှာ ပါဝင်ခဲ့တဲ့ အခြားကစားသမားများကို ကျော်ဖြတ်ပြီး ပွဲစဉ်(၄)ရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။(NVS 008)