“မန်ယူအသင်းက ဂျာရတ်ဘရန့်ဝိတ် ကိုခေါ်ယူရန် စိတ်ဝင်စား”
18 Sep
မန်ယူအသင်းက အဲဗာတန်အသင်း နောက်ခံကစားသမား ဂျာရတ်ဘရန့်ဝိတ် ကိုခေါ်ယူရန် စိတ်ဝင်စားလျက် ရှိကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမား ဂျာရတ်ဘရန့်ဝိတ် ဟာ အဲဗာတန်အသင်းနှင့်အတူ ၂၀၁၉-၂၀၂၁ မှ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၉၉ ပွဲကစားပြီး ငါးဂိုးသွင်းယူထားနိုင်ကာ ခြေစွမ်းပိုင်းတည်ငြိမ်မှုကြောင့် မန်ယူအသင်းကခေါ်ယူရန် စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။ အဲဗာတန်အသင်းကလည်း ဂျာရတ်ဘရန့်ဝိတ် အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါက မည်သည့်အသင်းကိုမဆို ရောင်းချသွားဖွယ်ရှိနေပါတယ်။(NVS 008)
18 Sep