“ဒဏ်ရာကြောင့် ဘရာဇီးလူစာရင်းမှ နုတ်ထွက်ခဲ့တဲ့ ပက်ဒရို”

18 Sep

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ပက်ဒရို ဟာ ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်း လူစာရင်းကနေ ထွက်သွားခဲ့ပြီး ပက်ဒရိုရဲ့နေရာမှာ ဖလူမီးနီးစ်အသင်း တိုက်စစ်မှူး မာတီနယ်လီ ကို အစားထိုး ခေါ်ယူလိုက်တယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းဟာ ခြေစမ်းပွဲတွေအဖြစ် စက်တင်ဘာလကုန်ပိုင်းမှာ ဩစတြေးလျအသင်းနဲ့ ၂ ပွဲ ကစားမှာဖြစ်သလို အောက်တိုဘာလဆန်းမှာ အိန္ဒိယအသင်းနဲ့ ကစားဖို့အတွက် စီစဉ်ထားတာပါ။ အဆိုပါပွဲစဉ် တွေအတွက် လူစာရင်းကို နည်းပြအန်ဆလော့တီ ရွေးချယ်ခဲ့ရာမှာ တိုက်စစ်မှူး ပက်ဒရို ကို ထည့်သွင်းရွေးချယ် ထားတာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းက ပက်ဒရို နုတ်ထွက်သွားခဲ့တယ်လို့ ဘရာဇီးအသင်းက ကြေညာခဲ့ ပေမယ့် ဘယ်လိုဒဏ်ရာမျိုးရခဲ့တယ်ဆိုတာကိုတော့ ပြောကြားခဲ့တာမရှိပါဘူး။ ပက်ဒရို ဟာ အခုရာသီမှာ ချဲလ်ဆီးအသင်းနဲ့အတူ ပုံစံကောင်းကို ပြသနေပြီး ပြိုင်ပွဲစုံ ၆ ပွဲမှာ ၃ ဂိုး သွင်းယူထားသလို ပရီးမီးယားလိဂ်ရဲ့ ဩဂုတ်လအတွက် တစ်လတာအကောင်းဆုံးဆုကိုလည်း ရရှိထားပါတယ်။ ပက်ဒရို ဟာ ပြီးခဲ့တဲ့ဟူးလ်စီးတီးအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာလည်း မိနစ် ၉၀ အပြည့် ပါဝင်ကစားခဲ့ သလို ပက်ဒရို ရဲ့ ဒဏ်ရာသတင်းနဲ့ပတ်သက်လို့ ချဲလ်ဆီးအသင်းဘက်က သတင်းထုတ်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .