“အင်တာမိုင်ယာမီအသင်းနဲ့အတူ ၅ ခုမြောက်ဆုဖလားကို ရယူခဲ့တဲ့ မက်ဆီ”

18 Sep

မက်ဆီ ဟာ အင်တာမိုင်ယာမီအသင်းနဲ့အတူ ၅ ခုမြောက် ဆုဖလားကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ Campeones Cup ပွဲမှာ အင်တာမိုင်ယာမီအသင်းက ခရုဇ်အဇူလ်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ချန်ပီယံဆုရရှိ ခဲ့တာကြောင့် မက်ဆီ အတွက် အင်တာမိုင်ယာမီကစားသမားဘဝ ၅ ခုမြောက်ဆုဖလားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Campeones Cup က မေဂျာလိဂ်ချန်ပီယံနဲ့ မက္ကဆီကိုလိဂ်ချန်ပီယံတို့ ယှဉ်ပြိုင်ကစားရတဲ့ပွဲဖြစ်ပြီး မက်ဆီ က အဖွင့်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အခုဂိုးက အင်တာမိုင်ယာမီကစားသမားဘဝ ဂိုး ၁၀၀ ပြည့်ဖြစ်ပြီး ၁၁၅ ပွဲ ကစားပြီးချိန်မှာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်တာကြောင့် မေဂျာလိဂ်ကစားသမားတွေထဲမှာ ပြိုင်ပွဲစုံ ဂိုး ၁၀၀ အမြန်ဆုံး ပြည့်မြောက်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ မက်ဆီ က ကစားသမားဘဝတစ်လျှောက် ၄၉ ခုမြောက်ဆုဖလား ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အင်တာမိုင်ယာမီ အသင်းရဲ့ နည်းပြသစ် ကီလီဂွန်ဇာလက်ဇ် အတွက် နည်းပြဘဝ ပထမဆုံးဆုဖလားဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

18 Sep

ADVERTISE HERE .