“လာလီဂါရာသီအဖွင့် ၆ ပွဲမှာ ၉ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရာဖင်ညာ”
18 Sep
ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရာဖင်ညာ ဟာ လာလီဂါရာသီအဖွင့်(၆)ပွဲမှာ ၉ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးဘာစီလိုနာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ရာဖင်ညာ ဟာ ဒီရာသီ လာလီဂါ ၆ ပွဲအထိ ၉ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲစုံ ၇ ပွဲမှာ ၁၁ ဂိုး သွင်းယူထားပါတယ်။ ဂိုးဖန်တီးမှုလည်း ၃ ကြိမ်ပြုလုပ်ထားတာကြောင့် ဂိုးပါဝင်ပတ်သက်မှု ၁၄ ဂိုးရှိနေပြီး အကောင်းဆုံးရာသီအစ စွမ်းဆောင်ရည်ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက ရေးဆင်းအသင်းကို ၇ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီပြိုင်ပွဲစုံ ၇ ပွဲမှာ သွင်းဂိုး ၃၃ ဂိုး ရှိလာခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)
18 Sep