“ဘီနင်အသင်းနဲ့ ခြေစမ်းပွဲမှာ အာဂျင်တီးနားကစားသမားဘဝ နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် မက်ဆီ ပါဝင်ကစားမည်”

17 Sep

လက်ရွေးစင်ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ကြေညာထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ဘီနင်နဲ့ ခြေစမ်းပွဲမှာ နောက်ဆုံးနှုတ်ဆက်ပွဲအဖြစ် ပါဝင်ကစားမယ်လို့ သိရပါတယ်။ အာဂျင်တီးနားအသင်းရဲ့ ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်နေတဲ့ မက်ဆီ က လက်ရွေးစင်အသင်းက အနားယူပြီဖြစ်ကြောင်း ပြီးခဲ့တဲ့လမှာ ကြေညာခဲ့တာပါ။ ဒါပေမယ့် လာမယ့် နိုင်ငံတကာ ရက်သတ္တပတ်အတွက် အာဂျင်တီးနားအသင်းရဲ့ လူစာရင်းထုတ်ပြန်ရာမှာ မက်ဆီ ရဲ့အမည် ပါဝင်လာခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက စက်တင်ဘာလ ၃၀ ရက် မှာ ဘိုလစ်ဗီးယား၊ အောက်တိုဘာလ ၃ ရက်မှာ ဘာကီနာဖာဆို၊ အောက်တိုဘာလ ၆ ရက်မှာ ဘီနင်အသင်းနဲ့ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။ သုံးပွဲစလုံးကို အာဂျင်တီးနားနိုင်ငံမှာ ယှဥ်ပြိုင်သွားမှာဖြစ်ပေမယ့် မက်ဆီ အနေနဲ့ ဘီနင်အသင်းနဲ့ယှဥ်ပြိုင်မယ့် နောက်ဆုံးပွဲမှာသာ ပါဝင်ကစားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

17 Sep

ADVERTISE HERE .