“နေမာ ရှိတဲ့ ဆန်းတို့စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ဟို”
17 Sep
ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟို ဟာ ဘရာဇီးလ်အသင်းဖော် နေမာ ရှိတဲ့ ဆန်းတို့စ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ကော်တင်ဟို ဟာ ဆန်းတို့စ်အသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ကော်တင်ဟို ဟာ ငယ်ဘဝကလပ် ဗာစကိုဒဂါးမားအသင်းနဲ့ ဖေဖော်ဝါရီလမှာ လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။ ကော်တင်ဟို အနေနဲ့ ၂၀၂၄ ခုနှစ်က ဗာစကိုဒဂါးမားအသင်းထံ ပြန်ရောက်လာပြီး ၈၁ ပွဲ ကစားခဲ့ပါတယ်။ ကော်တင်ဟို ဟာ ဗာစကိုဒဂါးမားအသင်းမှာ ပရိုကစားသမားဘ၀ စတင်ခဲ့ပြီး အင်တာမီလန်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ အက်စတွန်ဗီလာ၊ အယ်လ်ဒူဟေးလ်အသင်းတွေမှာ ကစားခဲ့ပါတယ်။ (NVS 008)
17 Sep